09922044991 info@ipcmm.org

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်ရန် ကျန်ရှိနေသော အမှုဆောင်ကော်မတီဝင်များအတွက် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက် ကြေညာခြင်း။

ရက်စွဲ၊ ၂၀၂၅- ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်။

၁။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်း (၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ (၁) နှစ်တာကာလအတွင်း IPCM အနေဖြင့် မိမိတို့ လုပ်ဆောင်နိုင်သည့် ဘောင်အတွင်းမှ တတ်စွမ်းသမျှ ဆောင်ရွက်ချက်များကို အလှူရှင်အဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်ကော်မတီဝင်များ၏ ဝိုင်းဝန်းပံ့ပိုး ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်ချက်များကို လာမည့် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးတွင် အမှုဆောင်ကော်မတီ မှ ရှင်းလင်းတင်ပြသွားချင်ပါသည်။

၃။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ပြဌာန်းချက်များအရ သတင်းမီဒီယာအဖွဲ့ ကိုယ်စားပြု (၉)ဦး၊ အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာ ကျွမ်းကျင်သူ(၂)ဦး၊ ဥပဒေပညာရှင်(၁)ဦး တို့ဖြင့် အမှုဆောင်ကော်မတီ ကို ဖွဲ့စည်းရမည်ဖြစ်သော်လည်း ယခုအချိန်ထိ အမှုဆောင်ကော်မတီကို သတင်းမီဒီယာဌာနများမှ (၈)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး၊ အလွတ်တန်းသတင်းသမား (၂)ဦး၊ ဥပဒေပညာရှင် (၁)ဦး တို့ဖြင့်သာ ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။

၄။ ထို့ကြောင့် သတင်းမီဒီယာဌာနများမှ (၁)ဦး၊ အလွတ်တန်းသတင်းထောက်(၁)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး တို့ကို ရွေးချယ်ရန် ကျန်ရှိနေပါသည်။ လာမည့်နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ရန် စီစဉ်ထားပါ၍ အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသော သတင်းမီဒီယာသမားများကို IPCM အနေနှင့် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

၅။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့ များတွင် အွန်လိုင်းမှ တဆင့် ကျင်းပမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

၆။ သို့ပါ၍ IPCM အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ရွေးချယ်ခံနိုင်ရန် လျှောက်လွှာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် (အင်္ဂါနေ့) ညနေပိုင်းကို နောက်ဆုံးထား၍ တင်သွင်းပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

အောက်ပါလင့်ကိုနှိပ်၍ လျှောက်လွှာတင်သွင်းနိုင်ပါသည်။

သတင်းမီဒီယာအဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ်လောင်း-

https://forms.gle/ekTqQJzaycyB1TTw8

လွတ်လပ်သော အလွတ်တန်း သတင်းသမား/ မီဒီယာ ကျွမ်းကျင်သူ ကိုယ်စားလှယ်လောင်း –

https://forms.gle/Mk6zmRj4DiW5bfNk9

အမှုဆောင်ကော်မတီ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-

နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀

facebook စာမျက်နှာ