ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
၁။ မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းကို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး ဖမ်းဆီးခံရစဥ်အတွင်း စစ်ကြောရေးတွင် မတရားနှိပ်စက်ခံရခြင်းအတွက် စစ်ကောင်စီမှ တာဝန်ခံရမည်ဖြစ်သည်။
၂။ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းသည် သတင်းမီဒီယာကျင့်ဝတ်အရဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊ တည်ဆဲဥပဒေများအရဖြစ်စေ ပြည်သူတို့၏ သတင်းရယူသိပိုင်ခွင့် (Right to Information) ကို တရားဝင်လုပ်ဆောင်ပေးခြင်းသာဖြစ်သဖြင့် လွတ်လပ်စွာသတင်းရယူတင်ဆက်ခြင်းကို ဟန့်တားမှုဖြစ်စေသည့် အတွက် မတရားဖမ်းဆီးခံထားရသော သတင်းသမားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ် သောမြန်မာသတင်းမီဒီယာကောင်စီမှ တောင်းဆိုသည်။
၃။ ဖမ်းဆီးခံသတင်းသမားများအမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင်မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိူင်ရေးတို့အား လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီက အဓိကဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
နန်းဖော့ဂေ (ဥက္ကဌ)၊ ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး)၊ ၀၈၀၆၈၃၄၂၄၀