09922044991 info@ipcmm.org

ရွေးကောက်ရန်ကျန်ရှိနေသော အမှုဆောင်ကော်မတီဝင်များအတွက်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ကြေညာခြင်း။

ရက်စွဲ၊ ၂၀၂၄- ခုနှစ်၊ ဇွန်လ (၁၈) ရက်

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ တွင် ညီလာခံကျင်းပပြီး သတင်းမီဒီယာအဖွဲ့ ကိုယ်စားပြု (၉)ဦး၊ အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာ ကျွမ်းကျင်သူ(၂)ဦး၊ ဥပဒေပညာရှင်(၁)ဦး တို့ဖြင့် အမှုဆောင်ကော်မတီ ကိုဖွဲ့စည်းရန် ဖွဲ့စည်းပုံတွင် ပြဌာန်းထားပါသည်။

၂။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာညီလာခံတွင် သတင်းမီဒီယာအဖွဲ့မှ(၉)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး ကိုသာ ရွေးကောက်နိုင်ခဲ့ပါသည်။ ကျန်ရှိနေသော အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦး၊ ဥပဒေပညာရှင် (၁)ဦး တို့ကို ရွေးကောက်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် IPCM Facebook Page တွင်ကြေညာခဲ့ပြီး လျှောက်လွှာပိတ်ရက် ကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ကို သတ်မှတ်ခဲ့ပါသည်။

၃။ အမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသော သတင်းမီဒီယာသမားများ အနေနှင့် အချိန်မီ လျှောက်ထားပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရွေးကောက်ရန်ကျန်ရှိနေသော အမှုဆောင်ကော်မတီများ၏ ရွေးကောက်ပွဲကို ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆) ရက် နေ့ နံနက် ၉း၃၀ နာရီ (ထိုင်းစံတော်ချိန်) တွင် Online Zoom Platform ဖြင့် ကျင်းပမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-

နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀