09922044991 info@ipcmm.org

ဒုတိယအကြိမ် အထွေထွေညီလာခံနှင့် အလုပ်အမှုဆောင်ကော်မတီရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံနိုင်ရန်အတွက်

ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူခြင်း။

ရက်စွဲ၊ ၂၀၂၅- ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်။

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် လွတ်လပ်သောသတင်းမီဒီယာကောင်စီ ပေါ်ပေါက်ရေးအတွက် ညီလာခံကျင်းပပြီး သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့် မြှင့်တင်ရေး နှင့် သတင်းသမားများအား အကာအကွယ်ပေးခြင်း၊ သတင်းပညာရပ် ပြန့်ကားကျယ်ပြန့်ရေး စသည့် ရည်ရွယ်ချက် များဖြင့် စတင်ဖွဲ့စည်းစဉ်က လွတ်လပ်သော သတင်းမီဒီယာဌာန (၃၇) ဖွဲ့မှ သတင်းမီဒီယာကိုယ်စားလှယ် နှင့် အလွတ်တန်းသတင်းထောက်များ၊ မီဒီယာကျွမ်းကျင်သူများ စုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့ပြီး လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ – Independent Press Council Myanmar (IPCM) ကို တရားဝင် ဖွဲ့စည်းခဲ့ပါသည်။

၂။ ညီလာခံတွင် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ ဖွဲ့စည်းပုံစည်းမျဉ်းကို တက်ရောက်သူ ကိုယ်စားလှယ်အများစု မှ ထောက်ခံအတည်ပြုခဲ့ကြပါသည်။ ဖွဲ့စည်းပုံ စည်းမျဉ်းအရ သတင်းမီဒီယာဌာနများမှ ကိုယ်စားလှယ် (၉) ဦး၊ အလွတ်တန်းသတင်းထောက် (၃) ဦး၊ မီဒီယာကျွမ်းကျင်သူ (၂) ဦး၊ ဥပဒေပညာရှင် (၁) ဦး စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦးဖြင့် အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်ပါသည်။

IPCM ဖွဲ့စည်းပုံစည်းမျဉ်းအရ ရွေးကောက်ခံအလုပ်အမှုဆောင်ကော်မတီတွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင် ဖွဲ့စည်းရမည်ဖြစ်ပါသည်။

၃။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ ဒုတိယအကြိမ် အထွေထွေညီလာခံနှင့် အလုပ်အမှုဆောင်ကော်မတီ ရွေးကောက်ပွဲကို ၂၀၂၆-ခုနှစ်၊ ဇန်နဝါရီလ ၁၇-၁၈ (စနေ နှင့် တနင်္ဂနွေ)ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) တွင် အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ IPCM – အဖွဲ့ဝင် သတင်းဌာနကိုယ်စားလှယ်များ၊ အလွတ်တန်းသတင်းထောက်များ၊ မီဒီယာကျွမ်းကျင်သူများသည် အောက်ဖေါ်ပြပါ Google Form ကို ဖြည့်စွက်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ ညနေ(၄) နာရီ နောက်ဆုံးထားဖြည့်စွက်ပြီး အလုပ်အမှုဆောင် ကော်မတီဝင်အဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံကြပါရန် လေးစားစွာဖြင့် နှိုးဆော် တိုက်တွန်းအပ်ပါသည်။

https://www.facebook.com/share/1PnaEDgpL1

ကိုယ်စားလှယ်လောင်း ဖြည့်စွက်ရန် Google Form Link

• သတင်းမီဒီယာဌာန – https://forms.gle/YUJCsZKQjnD2GvSD6

• အလွတ်တန်း သတင်းထောက် – https://forms.gle/cFPQjAt5dWMZBcg1A

• မီဒီယာကျွမ်းကျင်သူ – https://forms.gle/jujZjnVPJ2xtaGhHA

လေးစားစွာဖြင့်

ညီလာခံကျင်းပရေးကော်မတီ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)

ဆက်သွယ်ရန်-

နန်းဖော့ဂေ (ဥက္ကဌ) – ၀၉၂၆၀၆၇၆၃၁

တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀