သို့
လေးစားရပါသော သတင်းမီဒီယာ မိတ်ဆွေများခင်ဗျ
အကြောင်းအရာ။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းရေး ညီလာခံအား တက်ရောက်ပါရန် ဖိတ်ကြားခြင်း။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ပေါ်ပေါက်ရေး ညီလာခံကို ဒီဇင်ဘာလ ၂၀-၂၂ ရက်၊ ၂၀၂၃ ခုနှစ်အတွင်း သုံးရက်ကြာ ကျင်းပသွားရန် ရှိပါသည်။
ညီလာခံ သုံးရက်ကို အောက်ပါအတိုင်း ကျင်းပသွားမည်။
ပထမနေ့ – လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းပုံ မူကြမ်းကို ဆွေးနွေးအတည်ပြုရန်၊
ဒုတိယနေ့ – ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း စိစစ်ခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပရန်၊
တတိယနေ့ – လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ၏ ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးရန်၊
၂၀၂၃ ခုနှစ် သြဂုတ်လနှောင်းပိုင်းတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖြစ်မြောက် ရေး ညီလာခံ ကျင်းပခဲ့ပြီး၊ လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့ (၄၆) ဖွဲ့မှ သတင်းသမား ၇၄ ဦး ပါ၀င်ဆွေးနွေးခဲ့သော ညီလာခံတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီကို အလုပ်အမှုဆောင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် ရည်ရွယ်ခဲ့သည်။
သတင်းမီဒီယာအဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် (၁၁) ဦး၊ အလွတ်တန်း သတင်းသမား (၂) ဦး၊ လွတ်လပ်သော မီဒီယာပရော်ဖက်ရှင်နယ် (၂) ဦး နှင့် ဥပဒေရေးရာ ကျွမ်းကျင်သူ (၁) ဦး တို့ဖြင့် ဖွဲ့စည်းမည်။
အမျိုးသမီး ၃၀ ရာခိုင်နှုန််း ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ရည်ရွယ်ထားပါသည်။
သတင်းမီဒီယာကောင်စီ လုပ်ငန်းများ လုပ်ဆောင်မည့် အလုပ်အမှုဆောင် ကော်မတီတွင် ကိုယ်စားလှယ်အဖြစ် လျှောက်ထားလိုပါက ၂၀၂၃ ခုနှစ် နို၀င်ဘာ ၂၈ ရက် မှ စတင်ကာ ဒီဇင်ဘာ ၁၁ ရက် ည (၁၂) နာရီ နောက်ဆုံးထား၍ အောက်ပါ လင့်ခ် ပါ google form တွင် ဖြည့်သွင်း လျှောက်ထားနိုင်သည်။
သတင်းမီဒီယာအဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ်လောင်း-
အလွတ်တန်း သတင်းသမား ကိုယ်စားလှယ်လောင်း-
လွတ်လပ်သော မီဒီယာပရော်ဖက်ရှင်နယ် / ဥပဒေရေးရာ ကျွမ်းကျင်သူ ကိုယ်စားလှယ်လောင်း –