၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ညီလာခံ ကျင်းပပြီး သတင်းမီဒီယာအဖွဲ့ကိုယ်စားပြု (၉)ဦး၊ အလွတ်တန်းသတင်းထောက်(၃)ဦး၊ မီဒီယာကျွမ်းကျင်သူ (၂)ဦး၊ ဥပဒေပညာ ရှင် (၁)ဦးတို့ဖြင့် ဖွဲ့စည်းရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
၂။ ကောင်စီဖွဲ့စည်းရေးအတွက် ဒီဇင်ဘာ ၂၀၂၃ ညီလာခံတွင် သတင်းမီဒီယာအဖွဲ့များနှင့် မီဒီယာကျွမ်းကျင်သူများသာ တက်ရောက်ခဲ့ကြပြီး ညီလာခံဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံတွင် အလွတ်တန်းသတင်းထောက်များ ပါဝင်ရန် ဆက်လက် ရွေးကောက်သွားရမည်ဖြစ်သည်။
၃။ ၎င်းညီလာခံတွင် ပါဝင်တက်ရောက်သူများထဲမှ သတင်းမီဒီယာကိုယ်စားပြုသူ (၉)ဦးနှင့် မီဒီယာကျွမ်းကျင်သူ (၁)ဦး ကိုသာ ရွေးကောက်ခဲ့ပြီး အလွတ်တန်းသတင်းထောက် (၃)ဦး၊ မီဒီယာကျွမ်းကျင်သူ (၁)ဦးနှင့် ဥပဒေပညာရှင် (၁)ဦးတို့ ကို ရွေးကောက်ရန် လိုအပ်နေသေးသည်။ ထိုသို့ ရွေးကောက်မည့်အထဲတွင် အမျိုးသမီး (၃၀)ရာခိုင်နှုန်း ပါဝင်ရမည်ဟု ဖွဲ့စည်းပုံတွင် ပြဌာန်းထားချက်အရ ထပ်မံ ရွေးကောက်မည့်သူများထဲတွင် အမျိုးသမီး (၂)ဦး ပါဝင်ရမည် ဖြစ်သည်။
၄။ သို့ဖြစ်ပါ၍ လစ်လပ်ကျန်ရှိသေးသော အမှုဆောင်ကော်မတီဝင်များအဖြစ် ပါဝင်ရွေးကောက်ခံနိုင်ရေးအတွက် စိတ်ပါဝင်စားသူ အလွတ်တန်းသတင်းထောက်များ၊ မီဒီယာကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များသည် အောက်ပါအဖွဲ့ ဝင်ပုံစံကို ဖြည့်စွက်ပြီး ၂၀၂၄ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
– အလွတ်တန်းသတင်းသမားကိုယ်စား လှယ်လောင်း/ မီဒီယာကျွမ်းကျင်သူ / ဥပဒေပညာရှင် ကိုယ်စားလှယ်လောင်းများ လျှောက်ထားရန်အတွက် ဒီ Link ကို နှိပ်ရန်
အမှုဆောင်ကော်မတီ
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)