09922044991 info@ipcmm.org

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဒုတိယအကြိမ်ညီလာခံပြဌာန်းချက်အရ လွတ်လပ်သောသတင်းဌာနများ၊ မီဒီယာ ကျွမ်းကျင်ပညာရှင် များ၊လွတ်လပ်သောသတင်းသမားများ၊မီဒီယာကျွမ်းကျင်သူ ဥပဒေပညာရှင်များနှင့်ဖွဲ့စည်းရန် ညီလာခံက အများသဘောတူ ဆုံးဖြတ်ခဲ့ပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း သတင်းမီဒီယာဌာနများ၊ မီဒီယာပညာရှင်များ၊ အလွတ်တမ်းသတင်းသမားများ၊ ဥပဒေပညာရှင်များနှင့်ဖွဲ့စည်းရမည်ဟု ထည့်သွင်းပြဌာန်းထားပါသည်။

သို့ပါ၍ စိတ်ပါဝင်စားသူများအနေနှင့် အောက်ပါပုံစံတွင်ဖြည့်စွက်၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ဖွဲ့စည်းရန်ကျန်ရှိနေသော မီဒီယာကျွမ်းကျင်သူပညာရှင် (၁) နေရာ၊ လွတ်လပ်သောသတင်းသမား (၃) နေရာ၊ မီဒီယာကျွမ်းကျင်သူ ဥပဒေပညာရှင် (၁) နေရာကိုလည်း ဖွဲ့စည်းနိုင်ရန်အတွက်လျှောက်လွှာပုံစံများ အမြန်ဆုံးဖြည့်စွက်ပြီး လျှောက်ထားပေးကြပါရန် လေးစားစွာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(မှတ်ချက်) လျှောက်လွှာကို အောက်ပါ Google link တွင်လိုအပ်သောချက်အလက်များကို ဖြည့်သွင်း၍ ပေးပို့နိုင်ပါကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ _ သတင်းမီဒီယာဌာနများ၏ အဖွဲ့ဝင်ပုံစံ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ _ အလွတ်တန်းသတင်းထောက်/ မီဒီယာကျွမ်းကျင်သူ/ ဥပဒေပညာရှင်အဖွဲ့ဝင်ပုံစံ

လေးစားလျက်

အမှုဆောင်ကော်မတီ

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)