Brief Myanmar Exiled Media Assessment
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ စစ်တမ်း တွေ့ရှိချက်ရလဒ်များကို World Press Freedom Day တွင် ထုတ်ပြန်အပ်ပါသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁)ရက်နောက်ပိုင်း တွင် စစ်ကောင်စီမှ လွတ်လပ်သော သတင်းမီဒီယာဌာနများကို မတရားပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းများကြောင့် ပြည်ပသို့တိမ်းရှောင်ပြီး သတင်းသိပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ခွင့် အတွက် အခက်အခဲမျိုးစုံကြားမှ သတင်းမီဒီယာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေသော သတင်းမီဒီယာသမားများ၏ အခြေအနေများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖေါ်ထုတ်ရန်၊ သတင်းမီဒီယာသမားများ၏ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးကိုဆောင်ရွက်ရန်၊ သတင်းမီဒီယာလုပ်ငန်း၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ပိုမို အားကောင်းစေရန်၊ မီဒီယာသိနားလည်မှု တိုးတက်ကောင်းမွန်လာစေရန်အတွက် သက်ဆိုင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ရည်ရွယ်ပြီး အကဲဖြတ်ချက် စစ်တမ်းကို ကောက်ယူခဲ့ပါသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ထိုအကဲဖြတ်စစ်တမ်း တွေ့ရှိချက်ရလဒ်များကို World Press Freedom Day တွင် ထုတ်ပြန်အပ်ပါသည်။