09922044991 info@ipcmm.org

KNU – ကရင်အမျိုးသားအစည်းအရုံး

ပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ သြဂုတ် (၇)

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် KNU – ကရင်အမျိုးသားအစည်းအရုံး တို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့တွင် KNU နယ်မြေ၌ သတင်းမီဒီယာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး တွေ့ဆုံဆွေးနွေးမှုတခုကို ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် KNU-ကရင်အမျိုးသားအစည်းအရုံးဒုတိယဥက္ကဌ၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၂) နှင့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးတို့ ဦးဆောင်သည့် KNU ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး (PRID) နှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ဥက္ကဌ၊ အတွင်း ရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ပါ၀င်ခဲ့ကြသည်။

၎င်းနှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲမှ အောက်ပါအချက်များအား ညှိနှိုင်းဆွေးနွေးသဘောတူညီခဲ့ကြသည်။

• KNU ၏ သတင်းမီဒီယာသမားများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် IPCM မှ ထုတ်ပြန် ထားသော လိုက်နာရမည့် သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။

• ထုတ်ပြန်ထားသော သတင်းမီဒီယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ သတင်းမီဒီယာများအပေါ် ထိန်းချုပ်လိုခြင်းမဟုတ်ဘဲ အဆင်ပြေထိရောက်စွာ သတင်းရယူရန်အတွက်သာ ရည်ရွယ်ကြောင်း KNU က ရှင်းလင်းပြောဆိုခဲ့သည်။

• KNU အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ သတင်းရယူခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားသည့်အလျောက် သတင်းရယူခွင့်ကို တာဝန်ယူမှု တာဝန်ခံမှုဖြင့် ခွင့်ပြုမည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။

• သတင်းမီဒီယာသမားများ၏ လွတ်လပ်လုံခြုံစွာ သတင်းရယူခွင့်နှင့် KNU ၏ စစ်ရေးလုံခြုံမှု ဆိုင်ရာကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်သွားရန် အပြန်အလှန်ဆွေးနွေး သဘောတူခဲ့ ကြသည်။

• KNU ထိန်းချုပ်နယ်မြေများအတွင်း သတင်းရယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပူးပေါင်း ဆောင်ရွက်ရန်နှင့် သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှု တစ်စုံတရာ ဖြစ်လာပါက KNU နှင့် IPCM တို့ ပူးတွဲ ညှိနှိုင်းအဖြေရှာရန် ဆုံးဖြတ်ခဲ့ကြသည်။

• ထို့အပြင် မီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းမီဒီယာသိနားလည်မှု (Media and Information Literacy-MIL) မြှင့်တင်ရေးများအား ရေရှည်လုပ်ငန်းစဉ်အဖြစ် ပူးပေါင်းဆောင်ရွက်ရန်လည်း ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြသည်။

ဆက်သွယ်ရန်

ပြောရေးဆိုခွင့်ရှိသူ (KNU) – +၆၆၈၀၇၁၇၄၀၄၃

အတွင်းရေးမှူး (IPCM) – +၆၆ ၀၈၀၆၈၃၄၂၄၀