၂၀၂၅-၂၆ ခုနှစ်၊ ရွေးကောက်ပွဲကာလအတွင်း မြန်မာ့မီဒီယာများအပေါ် ဒစ်ဂျစ်တယ်ပလက်ဖေါင်းများ၏ သက်ရောက်မှု အစီရင်ခံစာ (တတိယ) ထုတ်ပြန်ခြင်း။
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်။
မြန်မာမီဒီယာဌာနများ၏ Digital Platforms ထုတ်လွှင့်မှုများအပေါ် မြန်မာ့ဒီဂျစ်တယ် အာဏာသိမ်းမှု အတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်း – (News Audience Suppression Under Myanmar’s Digital Coup) များကို သုတေသနစာတန်းပြုစုထားသည်။
၁။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နှင့် Human Rights in Myanmar- HRM တို့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စု၏ ၂၀၂၅- ၂၀၂၆ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် (၃) ကြိမ် ခွဲပြီး ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲ (Sham Election) များတွင် လွတ်လပ်သော သတင်းမီဒီယာ များမှ ထုတ်လွှင့်ခဲ့ကြသော သတင်းမှန်များကို ပြည်သူလူထု ဖတ်ရှု နားထောင် ကြည့်ရှုခွင့် မရအောင် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာ့ဒစ်ဂျစ်တယ်အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်းများကို စနစ်တကျ ဖန်တီးထားပြီး မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များကို နိုင်ငံတကာ နှင့် မြန်မာပြည်သူများ လေ့လာ သိရှိနိုင်ရန်အတွက် IPCM နှင့် HRM တို့မှ စနစ်တကျ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့ပြီး အစီရင်ခံစာ (၃) စောင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ပထမ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ဒုတိယ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၂။ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလ အတွင်း မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာများအနက်မှ တတိယတစောင်ကို အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် Facebook ဒေတာ အချက်အလက် ပေါင်း ၁၂ ဘီလီယံကို ခွဲခြမ်းစိတ်ဖြာထားပြီး စစ်အုပ်စု၏ အင်တာနက်ပိတ်ဆို့မှုများ၊ ကန့်သတ်မှုများနှင့် စောင့်ကြည့် ထောက်လှမ်းမှုများ၊ အင်တာနက်ဖိုး ပိုမိုဈေးကြီးလာမှုနှင့် ပလက်ဖေါင်း အယ်လ်ဂိုရစ်သမ် (Algorithms) များက မီဒီယာပရိသတ်များအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ဖော်ထုတ် တင်ပြထားသည်။


၃။ သတင်းစာပညာကို ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားသည့်တိုင်အောင် မီဒီယာလုပ်ငန်းများ၏ Facebook ပေါ်ရှိ စုစုပေါင်းထုတ်လွှင့်တင်ပြမှုသည် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မီဒီယာထုတ်လုပ်မှုမှာ ၁၀၈ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခဲ့သည်။
၄။ စနစ်တကျ သတင်းမှောင်ချ ပိတ်ဆို့မှုတခု အနေဖြင့် စစ်တပ်က အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အင်တာနက်ဖိုး တိုးမြှင့်လာခြင်းတို့ကို ပြုလုပ်ခဲ့ရာ၊ ၎င်းအခြေအနေသည် ပလက်ဖေါင်းများ၏ အယ်လ်ဂိုရစ်သမ် (algorithm)အပြောင်းအလဲများနှင့် ပေါင်းစပ်သွားသောကြောင့် ပြည်သူများ သတင်းမီဒီယာများသို့ ဝင်ရောက် ကြည့်ရှုနိုင်မှုသည် – ၄၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
၅။ မြန်မာစစ်အုပ်စု၏ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ဆောင်ချက်များ ကို အမှောင်ချ ထားခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပယ်ဖျက်မှုများက လွတ်လပ်သော သတင်းမီဒီယာ များကို ထိခိုက် နစ်နာစေသည်။
၆။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် Human Rights in Myanmar- HRM နှင့်ပူးပေါင်းပြီး မြန်မာ့ဒီဂျစ်တယ်အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်များကို ပိတ်ဆို့နှိပ်ကွပ်ခြင်းကို စနစ်တကျ လေ့လာပြီး အစီရင်ခံစာ တတိယပိုင်း ကို မြန်မာ-အင်္ဂလိပ် ၂-ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။
အစီရင်ခံစာ ရယူရန် လင်ခ့်
https://drive.google.com/…/1EmXCYVw2iaj1jNAayrNBn5XeJ6A…
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)
ဆက်သွယ်ရန် –
ကိုကိုဇော် (ဥက္ကဌ) – (Signal) +959255803262
တိုးဇော်လတ် (အတွင်းရေးမှူး) – (Signal) +66806834240