နှင့်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏
ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးကော်မတီ
ပူးတွဲထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ( ၂၃ ) ရက်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) တို့သည် သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ လွတ်လပ်စွာ သတင်းရယူရေးဆိုင်ရာကိစ္စရပ်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အတွင်းရေးမှူး အဖွဲ့ဝင် (၃) ဦး နှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူးတို့ အပါအဝင် အမှုဆောင် ကော်မတီဝင် (၆) ဦးတို့ ပါဝင်ခဲ့ကြသည်။
နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲတွင် အောက်ပါအချက်များအား ဆွေးနွေးညှိနှိုင်း သဘောတူညီခဲ့ကြသည် –
• အနှောင်အဖွဲ့ကင်းသည့် လွတ်လပ်သော သတင်းမီဒီယာများကို အသိအမှတ်ပြုပြီး သတင်းမီဒီယာ လွတ်လပ်ခွင့် ကို တန်ဖိုးထားကာ အာမခံကြောင်း IEC က ဆွေးနွေးခဲ့သည်။
• IEC မှ ထုတ်ပြန်ထားသော “မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်သည် သတင်းမီဒီယာကို ထိန်းချုပ်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်သတင်းဌာနမဆို လွတ်လပ်ပွင့်လင်းစွာ သတင်း ရယူခွင့်ရှိသည်။ သို့သော် ကရင်နီပြည် ၏ စစ်ဆင်ရေးကိစ္စ နှင့် အုပ်ချုပ်ရေး ကိစ္စများကို ထိခိုက်စေသည့် လုပ်ရပ်နှင့် တော်လှန်ရေးကာလတွင် တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို အားပေး အားမြောက် ဖြစ်စေသော လုပ်ရပ်များကို တားမြစ်သည်” ဟု ဖေါ်ပြထားခြင်းမှာ သတင်းမီဒီယာများ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဆင်ပြေထိရောက်စွာ သတင်းရယူရေးအတွက် ကိုသာ ရည်ရွယ်ကြောင်း IEC ဘက်မှ ရှင်းလင်းဆွေးနွေး ခဲ့သည်။
• IPCM အနေဖြင့်လည်း ရေးဆွဲထုတ်ပြန်ထားသည့် သတင်းမီဒီယာကျင့်ဝတ်စည်းမျဉ်း (Code of Conduct) နှင့််အညီ လွတ်လပ်စွာ သတင်းရယူနိုင်ရေးအတွက် နှစ်ဖက်အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရန် နှင့် မီဒီယာဆိုင်ရာ အငြင်းပွားမှု တစုံတစ်ရာဖြစ်လာပါက IPCM နှင့် IEC ၏ ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေး ကော်မတီ တို့အကြား ပူးတွဲညှိနှိုင်းအဖြေရှာရန် သဘောတူညီခဲ့ကြသည်။
• ကရင်နီပြည်အတွင်း သတင်းသမား များ လွတ်လပ်စွာ သတင်းရယူနိုင်ရေး၊ မီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းမီဒီယာ သိနားလည်မှု (Media Information Literacy) မြှင့်တင်ရေး ကိစ္စရပ်များအား လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်ရန် ရေရှည်လုပ်ငန်းစဉ်အဖြစ် နှစ်ဖက် သဘောတူခဲ့ကြသည်။
ဆက်သွယ်ရန်-
လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM)
တိုးဇော်လတ် (အတွင်းရေးမှူး) – ၀၈၀၆၈၃၄၂၄၀
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)
ဇူးပဒုမ္မာ (အတွင်းရေးမှူး ၁) – ၀၆၃၆၈၇၀၁၅၄