ရက်စွဲ၊ ၂၀၂၄- ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်။
၁။ အိန္ဒိယနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCI) က မြန်မာစစ်အစိုးရလက်ကိုင်တုတ်သတင်းထောက်အမည်ခံ ဦးအေးချမ်းအား နယူးဒေလီသို့ ဖိတ်ကြား၍ စကားပြောဆိုစေခြင်းအပေါ်
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်။
၂။ အဆိုပါပုဂ္ဂိုလ်သည် လွတ်လပ်သော သတင်းမီဒီယာများကို တရားဝင်ကိုယ်စားပြုသူ သတင်းသမားတစ်ဦး မဟုတ်ပါ။ စစ်အစိုးရ၏ ကိုယ်စားလှယ်သာဖြစ်သည်။
၃။ အိန္ဒိယနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCI) အနေဖြင့် မြန်မာနိုင်ငံမှ စစ်မှန်သော သတင်းသမားများနှင့်သာ လက်တွဲလုပ်ဆောင်ရန် တာဝန်ရှိပြီး သတင်းလွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေသော မြန်မာသတင်းသမားများအား လေးစားစွာ ဆက်ဆံရန် လိုအပ်သည်။
၄။ အိန္ဒိယနိုင်ငံ သတင်းသမားများအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများအပေါ် မတရားဖိနှိပ်ချုပ်ချယ်နေသော စစ်အစိုးရအား အသိအမှတ်မပြုရန် တောင်းဆိုလိုက်သည်။
ဆက်သွယ်ရန်-
နန်းဖော့ဂေ (ဥက္ကဌ) ၀၉၂၆၀၆၇၆၃၁
တိုးဇော်လတ် (အတွင်းရေးမှူး) ၀၈၀၆၈၃၄၂၄၀
