09922044991 info@ipcmm.org

  ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်။

သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်နှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ပြုစုထားသော သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို နိုဝင်ဘာလ (၂၅) ရက်နေ့တွင် အွန်လိုင်း Zoom Meeting မှတဆင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

IPCM အနေဖြင့် သတင်းမီဒီယာကျင့်ဝတ်(ပထမအကြိမ်တည်းဖြတ်ခြင်း)ကို ၂၀၂၄ခုနှစ်၊ မေလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော World Press Freedom Day တွင် စတင်ဖြန့်ချီခဲ့ပြီး အဆိုပါကျင့် ဝတ်ကို အခြေခံပြီး ​ခေတ်ကာလနှင့် ကိုက်ညီမှုရှိစေရန် IPCM အမှုဆောင်ကော်မတီ နှင့် အကြံပေးအဖွဲ့ တို့ ညှိနှိုင်းဆွေးနွေး ပြင်ဆင်ဖြည့်စွက်ကာ ဒုတိယအကြိမ် တည်းဖြတ်အတည်ပြုထားခြင်း ဖြစ်ပါသည်။

အဆိုပါ သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်ကို အုပ်ရေ (၃၀၀) ရိုက်နှိပ်ထား ပြီး သတင်းဌာနများနှင့် သတင်းမီဒီယာအဝန်းအဝိုင်းများထံ (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နှင့် Digital Version PDF file ရယူလိုသူများကိုလည်း အီးမေးလ်မှတဆင့် ဖြန့်ချီပေးသွားရန် စီစဉ်ထား ပါသည်။

အမှု​​​ဆောင်ကော်မတီ

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)

Facebook